Motherboard (Main-board) သည် ကွန်ပျူတာ၏ အခြေခံ ပစ္စည်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ကွန်ပျူတာအစိပ်ပိုင်းအမျိုးစွာများစွာအား ပေါင်းစပ်မူအဆင်ပြေစေရန် လုပ်ဆောင်ပေးသောအရာတစ်ခုဖြစ်သည်။ Motherboad ရဲ့အဓိကချိတ်ဆက်ရသော CPU (Central Processing Unit), RAM (Random Access Memory), and storage devices (HDD, SSD) တို့ရဲ့ လုပ်ငန်းစဉ်များကို အဆင်ချောစွာလုပ်ဆောင်နိုင်ရန်ဆက်သွယ်ပေးသောအရာတစ်ခုဖြစ်သည်။ Motherboard တစ်ခုတွင် CPU နှင့် ပေါင်းစည်းအလုပ် လုပ်နေတဲ့ Chipset ရှိပြီး၊ ၄င်း Chipset က CPU နဲ့ အခြား hardware တွေရဲ့ အချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ပေးသည်။Motherboad တွင် USB port, audio jack, HDMI port, PCIe slots စသည်တို့သည် ကွန်ပျူတာနှင့်အခြားစနစ်များအား ချိတ်ဆက်ရန် အခြေခံပါဝင်သော connector များဖြစ်ပြီး၄င်းတို့ဧ။်အခြေခံလုပ်ဆောင်ချက်များအား board အတွင်းပါရှိပါသည်။ Expansion Slots များပါရှိခြင်း - ပိုမိုမြင့်မားတဲ့ Graphic card များ, Wi-Fi ကဒ်တို့လို တိုးချဲ့တတ်ဆင်နိုင်တဲ့ slot များပါရှိသည်။ Cooling System ပါရှိခြင်း Cooling system သည် Processor ကို အပူချိန်လွန်ကဲခြင်းမှကာကွယ်နိုင်အောင် အပူချိန်ကို စီမံဆောင်ရွက်သောအရာဖြစ်သည် Fan, heat-sinks, or water cooling system တွေကိုစီမံပေးသော system တစ်ခုဖြစ်သည်။ အချို့သော motherboard များမှာ မိမိရဲ့ လိုအပ်ချက်အလိုက် အဆင့်မြင့်သော နည်းပညာများ ထည့်သွင်းထားနိုင်ပါသေးသည်။
Overview of Motherboard Naming Scheme
Motherboard Model အများအပြားရှိသောကြောင့် နာမည်ပုံစံများသည်နားလည်နိုင်ရန်ခက်ခဲပါသည်။ ဒါပေမဲ့ နာမည်ကနေအများကြီးလေ့လာနိုင်ပါတယ်။ အထူးသဖြင့် နာမည်ကိုနားလည်ခြင်းမှတစ်ဆင့် မတူညီသော motherboard များ၏ ဖွဲ့စည်းပုံများနှင့် အင်္ဂါရပ်များကို ပိုမိုသိရှိနိုင်ပါသည်။
- Manufacturer Brand : နာမည်အစတွင် ကုမ္ပဏီအမည်ပါဝင်ပြီး motherboard ကို ထုတ်လုပ်သည့် ကုမ္ပဏီကို သိရှိနိုင်ပါသည်။ (ဥပမာ- ASUS, MSI, Gigabyte, ASRock)။
- Series or Model Line : ဒီအပိုင်းတွင် board ရဲ့ ရည်ရွယ်ချက် သို့မဟုတ် ပမာဏကို ဖော်ပြပါတယ် (ဥပမာ- ASUS ROG ဟာ high-end boards, TUF ဆိုရင် durability အပေါ် အထူးပြုထားတဲ့ boards, Z-series ဟာ Intel performance boards တွေ ဖြစ်ပါသည်)။
- Chipset : Chipset အမည်ကို နာမည်တွင် တွေ့ရှိနိုင်ပြီး CPU compatibility နှင့် ပတ်သက်တဲ့ အချက်များကို ဖော်ပြပါထားသည်။ (ဥပမာ- Intel Z590, H370, AMD B550, X570 chipset)။
- Form Factor : Motherboard ရဲ့ အရွယ်အစားကို ATX, mATX (micro-ATX), ITX (mini-ITX) စသဖြင့် ဖော်ပြပါသည်။ ထိုအရာက motherboard ၏ expansion slots နှင့် memory slots အများအပြားကို ဘယ်လောက်သုံးနိုင်မလဲဆိုတာအပေါ်သက်ရောက်သိရှိနိုင်ပါသည်။
- Generation/Revision Number : တချို့ motherboard များတွင် version သို့မဟုတ် generation number ပါရှိပြီး၊ နောက်ဆုံးတွင် update ပြုလုပ်ထားတာကို ပြသနိုင်ပါသည်။(ဥပမာ- "2.0" သို့မဟုတ် "v3")
- Specific Features : motherboard ၏ အထူးထည့်သွင်းထားသော အင်္ဂါရပ်များ (ဥပမာ- overclocking support, Wi-Fi capability) ကိုလည်း အများအားဖြင့် နာမည်တွင်ပါဝင်နေတတ်ပါသည်။ (ဥပမာ- Wi-Fi, Pro, OC).
ဥပမာ - ASUS ROG Strix Z590-E Gaming WiFi ကို ဒီလိုနားလည်နိုင်ပါသည်။
- ASUS: Brand အမည်။
- ROG Strix: Model Line (ROG = Republic of Gamers, Gaming အတွက်ထုတ်ထားသော boards)။
- Z590: Chipset (Intel ၏ Z-series chipset ဖြစ်ပြီး 10th နှင့် 11th Gen Intel CPUs များနှင့်ကိုက်ညီ အသုံးပြုနိုင်ပါသည်)။
- E: ဗားရှင်း၊ ဤအတွက်မှာ High-end ဗားရှင်းဖြစ်ပါသည်။
- Gaming WiFi: Gaming အတွက် ဒီ board ကို ရည်ရွယ်ထားပြီး Wi-Fi ပါရှိပါသည်။
နာမည်ကို နားလည်သိရှိပါလျှင် ဘယ်လို motherboard များကိုရွေးချယ်အသုံးရမလဲသိရှိနိုင်ပြီး အဓိက ပါဝင်သော features တွေကိုလည်း လေ့လာအသုံးပြုနိုင်သည်။