HDD (Hard Disk Drive)
Data သိမ်းဆည်းရန်အတွက် အသုံးပြုသည့် စက်ပစ္စည်းတစ်ခုဖြစ်ပြီး ကွန်ပျူတာများနှင့် အခြားသော အီလက်ထရွန်နစ်ပစ္စည်းများတွင် အများအားဖြင့် တွေ့ရှိရသည်။ ၎င်းသည် magnetic storage ကို အသုံးပြု၍ အချက်အလက်များကို သိမ်းဆည်းရန်နှင့် ပြန်လည်ရယူရန် ဒီဇိုင်းပြုလုပ်ထားသည်။ HDD တွင် သံလိုက်ပစ္စည်းအား ဖုံးအုပ်ထားသည့် လှည့်နေသော platters နှင့် အချက်အလက်ရေးရန်နှင့် ဖတ်ရန် platters တစ်လျှောက် ရွေ့လျားနေသော read/write heads များ ပါဝင်သည်။ ဤလှည့်နေသော platters များနှင့် ရွေ့လျားနေသော heads အစိတ်အပိုင်းများသည် ဒေတာကို သိမ်းဆည်းရန်နှင့်ရယူရန် အတူတကွ လုပ်ဆောင်သည်။
SSD (Solid State Drive)
Data များ သိမ်းဆည်းရန်အတွက် အသုံးပြုသည့် သိုလှောင်ကိရိယာဖြစ်ပြီး ၎င်းသည် မကြာသေးမီက ပုံမှန် အသုံးပြုနေကြ HDD (Hard Disk Drive) ၏ အစားထိုးတစ်ခုအဖြစ် ပိုမိုရေပန်းစားလာခဲ့သည်။ HDD များထက် SSD များ၏ အားသာချက်များကြောင့် ယခုအခါ SSD များကို တွင်ကျယ်စွာ အသုံးပြုလာကြသည်။ HDD များနှင့်မတူဘဲ၊ SSD များတွင် spinning disks (platters) သို့မဟုတ် ရွေ့လျားနေသော အစိတ်အပိုင်းများ မရှိပါ။ ယင်းအစား ၎င်းတို့သည် ဒေတာသိမ်းဆည်းရန် flash memory chips ကို အသုံးပြုသည်။ HDD များတွင် တွေ့ရှိရသည့် mechanical parts များမပါဘဲ SSD များကို ပြုလုပ်ထားသောကြောင့် ပိုမိုမြန်ဆန်စေပြီး ပိုမိုကြာရှည်ခံစေသည်။
HDD Vs SSD
HDD များသည် ကြီးမားသော သိုလှောင်မှုစွမ်းရည်ကို ပေးစွမ်းပြီး ၎င်းတို့သည် များပြားလှသော ဒေတာပမာဏကို သိမ်းဆည်းရန်အတွက် သင့်လျော်စေသည်။ HDD နှင့် SSD သည် တူညီသောသိုလှောင်မှုပမာဏအတွက် ယေဘုယျအားဖြင့် HDD များကစျေးသက်သာပါသည်။HDD များသည် ပုံမှန်အားဖြင့် ပိုမိုကြာရှည်ခံသော အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။
SSD များသည် HDD များထက် ပိုမြန်ပြီး Read/Write အမြန်နှုန်း ၃-၄ ဆ ပေးဆောင်နိုင်သည်။ ၎င်းသည် ဒေတာလွှဲပြောင်းမှု၊ စတင်မူ မြန်ဆန်သောကြောင့် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေသည်။ SSD များတွင် ရွေ့လျားနိုင်သော အစိတ်အပိုင်းများ မရှိသောကြောင့် HDD များမှ ထုတ်လုပ်သော ဆူညံသံများကဲ့သို့မရှိပါ။ SSD များသည် ရွေ့လျားနေသော အစိတ်အပိုင်းများမရှိ၍ HDD များထက် ပိုမိုတာရှည်ခံနိုင်သည်။ SSD များသည် သေးငယ်ပြီး ပေါ့ပါးသောကြောင့် ၎င်းတို့ကို တတ်ဆင်ရန် သယ်ဆောင်ရန်လွယ်ကူစေသည်။
HDD Note : ကြီးမားသောသိုလှောင်မှုလိုအပ်ချက်အတွက် အထူးသဖြင့် ကုန်ကျစရိတ်ကို အဓိကထည့်သွင်းစဉ်းစားသည့်အခါ HDD သည်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
SSD Note : မြန်နှုန်းမြင့် စွမ်းဆောင်ရည် လိုအပ်သော သုံးစွဲသူများအတွက် ဖြစ်ပြီး ၎င်းတို့ကို ကွန်ပျူတာများ၊ လက်ပ်တော့များတွင် မြန်နှုန်းနှင့် တာရှည်ခံမှု အရေးကြီးသော အရာများတွင် အသုံးပြုကြသည်။