Skip to Content

CPU Cooling System

Cooling system သည် CPU ၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထိန်းသိမ်းရန်နှင့် ကွန်ပျူတာအတွင်း အပူလွန်ကဲခြင်းကို ကာကွယ်ရန်အတွက် အရေးကြီးသည်။ CPU များသည် လည်ပတ်နေစဉ်အတွင်း သိသိသာသာ အပူပမာဏကို ထုတ်ပေးပြီး ဤအပူကို ထိရောက်စွာ ပြေပျောက်ခြင်းမရှိပါက၊ ၎င်း၏ စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် processor ကို ပျက်စီးစေခြင်းတို့ဖြစ်ပေါ်နိုင်သည်။ Cooling system သည် CPU ၏ စိတ်ချရသောလည်ပတ်မှုအပူချိန်အတွင်း ရှိနေကြောင်း သေချာစေရန်လုပ်ဆောင်ပေးသည်။ Air cooling system နှင့် Liquid cooling system နှစ်မျိုးရှိသည်။

Air Cooling

အသုံးအများဆုံးနဲ့ အရှင်းဆုံးနည်းလမ်းဖြစ်သည်။ ၎င်းတွင် အများအားဖြင့် heatsink နှင့် Fan တို့ ပါဝင်ပါသည်။ Heatsink သည် သတ္တုတုံး (အလူမီနီယံ သို့မဟုတ် ကြေးနီ) ဖြင့်ပြုလုပ်ထားသည်။ CPU မျက်နှာပြင်ဧရိယာအပူကို စုပ်ယူနိုင်စေရန် သတ္တုမျက်နှာပြင်ဧရိယာနှင့် design ထုတ်ထားသော fins များပါရှိသည်။ CPU မှထုတ်ပေးသောအပူကို heatsink မှစုပ်ယူပေးပြီး Fan သည် heatsink ပေါ်မှ လေပူများကို မှုတ်ထုတ်ပေးကာ အပူစီးဆင်းမူကောင်းအောင် ကူညီပေးသည်။ Air cooling သည် အသုံးပြုသူအများစုအတွက် ရိုးရှင်းပြီးထိရောက်မှုရှိသည်။ heavy workloads သို့မဟုတ် overclocking လုပ်ခြင်းတို့အတွက်တော့ မသင့်တော်ပါ။

Liquid Cooling

Liquid Cooling သည် Air Cooling ထက် ပိုမိုအဆင့်မြင့်ပြီး ထိရောက်မှုရှိပါသည်။ ၎င်းသည် CPU မှအပူကိုဖယ်ရှားရန် Pump ၊ Radiator နှင့် coolant တို့ကို အသုံးပြုထားသည်။ Pump မှတဆင့် coolant ကို လှည့်ပတ်စေသည်။ Radiator သည် coolant မှတစ်ဆင့်သယ်ဆောင်လာသောအပူများကို Radiator သို့ လည်ပတ်ကာ heatsink နှင့်ဆင်တူသော fins မှတဆင့် အပူများကိုစုပ်ယူပြီးအပူချိန်ကိုလျော့ချပေးသည်။ Coolant သည် CPU မှ အပူကို စုပ်ယူသည့် အရည်တစ်မျိုးဖြစ်သည် အများအားဖြင့် ၎င်းသည် သံချေးတက်ခြင်းမှ ကာကွယ်ရန်နှင့် အပူလွှဲပြောင်းခြင်းကို ပိုမိုကောင်းမွန်စေရန်အတွက် ဒီဇိုင်းထုတ်ထားသော ရေနှင့် additives များရောစပ်ထားသည်။ Liquid cooling သည် စွမ်းဆောင်ရည်မြင့် CPU များ၊ overclocked စနစ်များ သို့မဟုတ် အပူများစွာကိုထုတ်ပေးသည့် gaming rigs များအတွက် အကောင်းဆုံးဖြစ်သည်။


All-in-One (AIO) Liquid Coolers

၎င်းသည်တတ်ဆင်ပြီးသား (pump, radiator, tubes, and CPU block) ပါရှိသော ကြိုတင်ပြင်ဆင်ထားသော Liquid cooling system များဖြစ်သည်။ ၎င်းတို့သည် ကိုယ်တိုင်တတ်ဆင်ရသော Liquid cooling system များထက် တပ်ဆင်ရန် ပိုမိုလွယ်ကူသည်။ Air cooling system ကဲ့သို့တတ်ဆင်ရလွယ်ကူသော်လည်း Air cooling systems များထက် ပိုမိုကောင်းမွန်သော cooling system တစ်ခုကိုလုပ်ဆောင်ပေးနိုင်သည်။


Custom Liquid Cooling

သင့်စနစ်၏လိုအပ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်စေသော cooling loop တစ်ခုကို ဒီဇိုင်းဆွဲရန် လိုက်လျောညီထွေဖြစ်စေသည်။ ၎င်းတွင် pump, reservoir, tubing, radiator နှင့် CPU block ကဲ့သို့သော အစိတ်အပိုင်းများကို ရွေးချယ်ကာ သင်ကိုယ်တိုင် တပ်ဆင်ခြင်းပြုလုပ်နိုင်သည်။ ဤစနစ်များသည် အလွန်ထိရောက်သော်လည်း စျေးကြီးပြီး ရှုပ်ထွေးနိုင်သည်။ System အတွက် ပြုပြင်ထိန်းသိမ်းမှုပိုင်း ပိုမိုလိုအပ်ပါသည်။

Thermal Paste/Compound

မည်သည့် Cooling system ကိုသုံးသည်ဖြစ်စေ Thermal Paste သည် မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းသည် CPU နှင့် heatsink သို့မဟုတ် cooling block အကြားတွင် သေးငယ်သောကွက်လပ်များကို ဖြည့်ပေးပြီး အပူလွှဲပြောင်းခြင်းကို ပိုမိုကောင်းမွန်စေပါသည်။ အရည်သွေးကောင်းမွန်သော Thermal Paste ကိုအသုံးပြုခြင်းသည် သင့်၏ cooling system ကိုပိုမိုထိရောက်နိုင်ပါသည်။


CPU Cooling System ကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ-

Gaming PC သို့မဟုတ် heavy workloads တို့လို ပိုမိုမြင့်မားသောစွမ်းဆောင်ရည်စနစ်များအတွက်Liquid cooling sytem ကိုလိုအပ်နိုင်ပါသည်။ CPU  အပူချိန်မြင့်မားလာချိန်တွင် Air cooling system သည် Fan လျှင်မြန်စွာလည်ပတ်ရသောကြောင့် Liquid cooling system များထက်ပိုမို ဆူညံများထွက်ပေါ်နိုင်ပါသည်။ Cooler သည် သင့် case အတွင်းတွင် အံဝင်ခွင်ကျဖြစ်ပြီး သင့် CPU socket နှင့် တွဲဖက်အသုံးပြုနိုင်ကြောင်း သေချာရန်လိုအပ်ပါသည်။ Air cooling များသည် Liquid cooling system များထက် ယေဘုယျအားဖြင့် စျေးသက်သာပါသည်။ ပုံမှန်အသုံးပြုသူများအတွက် Air cooling system များကကောင်းစွာအလုပ်လုပ်နိုင်ပါသည်။